Merain

The Republic of The Union of Myanmar

Ministry Of Transport and Communications

Merain

DEPARTMENT OF MARINE ADMINISTRATION

SIRB No. သည်မှားယွင်းနေပါသည်။
Please Wait

Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းဆိုင်ရာကြေငြာချက်

၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ Seafarers’ Identity Document (SID) ကတ်ထုတ်ပေးခြင်းကို ပြန်လည်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိရာ www.sidbooking.com ၌ Online Appointment စနစ်ဖြင့်ရက်ချိန်းရယူနိုင်ရန် Online တွင်ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး ရက်ချိန်းရရှိသည့်နေ့ရက်၊အချိန်နာရီ အတွင်း၌ သင်္ဘောသားဌာနခွဲတွင် လူကိုယ်တိုင်လာရောက်၍ Bio Data ရယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊လက်ဗွေရယူခြင်း၊SIDကတ်တန်ဖိုးငွေပေးသွင်းခြင်းများကိုလာရောက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။ ဌာနသို့ လာရောက်ဆောင်ရွက်သည့်အခါ ရက်ချိန်းရရှိကြောင်း အောင်မြင်သည့် Booking ID နှင့်တကွ အောင်မြင်ကြောင်းဖော်ပြထားသောပုံကို screen shot ရိုက်၍ ပြန်လည်တင်ပြနိုင်သွားရမည်ဖြစ်သည်။

၃။ အောက်တိုဘာ ၃၁ ရက် ၂၀၂၃ ခုနှစ်မှစ၍ SID ကတ်အတွက် ကုန်ကျငွေ ကို ကတ်ကုန်ကျစရိတ် ၂၁၀၀၀ အား KPAY ဖြင့် လက်ခံသွားမည်ဖြစ်ပြီး၊ ဌာန သို့သွင်းငွေ ၅၀၀၀ ကျပ်အား ငွေသားဖြင့် ပေးသွင်းရပါမည်။

၄။ Booking ID ရရှိပြီးပါက လျှောက်လွှာအား download ရယူ ဖြည့်စွက်လာရမည်။ အနည်းဆုံး ၁ နှစ်သက်တမ်းကျန်ရှိသော SIRB နှင့် Passport မိတ္တူ ၊ မူရင်းတို့အား ယူဆောင်လာရမည်။

၅။ www.sidbooking.com ၌ Online Appointment စနစ်ဖြင့်ရက်ချိန်းရယူရာတွင် SIRB No. တစ်ခုအတွက် တစ်ကြိမ်သာbookingတင်ခွင့်ပြုသွားမည်ဖြစ်ပြီး ရက်ချိန်း ရရှိသောနေ့ရက်တွင် ဌာနသို့လာရောက်ဆောင်ရွက်ခြင်းမပြုခဲ့ပါက အခြားသော နေ့ရက်များအတွက် Online Appointment ရယူခြင်းအား ထပ်မံလျှောက်ထားရမည် ဖြစ်ပါသည်။